(၃၄) နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

blog

Date : 11-Mar-2023

(၃၄) နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် PSLF/TNLA နှင့်

ULA/AA တို့မှ ပေးပို့အပ်သော ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ မတ်လ (၁၁) ရက်


        ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင် ဦးဆောင်ပြီး မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army-MNDAA) ကို ၁၉၈၉ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထို့နောက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော အထူးဒေသ () ဖြစ်လာခဲ့ပြီး” UWSP/UWSAမိုင်းလား” (PSC/NDAA) အဖွဲ့အစည်းများကဲ့သို့ ငြိမ်းချမ်းတည်ငြိမ်၍ ဖွံ့ဖြိုးတိုးတက်ခဲ့သည့် ဒေသတစ်ခုအဖြစ် နှစ်ပေါင်း (၂၀) ကျော်ကြာ ခေတ်ပြိုင်ရပ်တည်နိုင်ခဲ့သည်။ သို့သော်လည်း ၂၀၀၉ ခုနှစ်၊ သြဂုတ်လ () ရက်နေ့တွင် လက်ရှိ စစ်ကောင်စီတစ်ဖြစ်လဲ မြန်မာ့တပ်မတော်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးသည်ကို လက်မခံခဲ့သောကြောင့် ဤသည်ကိုအကြောင်းပြပြီး ၎င်းတို့၏ ရမယ်ရှာ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ကိုးကန့်၊ အထူးဒေသ () အဖွဲ့အစည်းအနေဖြင့် မိမိလူမျိုးအချင်းချင်း မတိုက်ခိုက်လို သည့်အပြင် ပြည်သူကို ငဲ့ညှာသောကြောင့် ၎င်းဒေသအား ခေတ္တစွန့်ခွာခဲ့သည်မှာ ယခုဆိုလျှင် (၁၄) နှစ်နီးပါး ရှိခဲ့ပြီဖြစ်သည်။

        ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ () အဖွဲ့အစည်းသည် ငြိမ်းချမ်းရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများအားလုံး စစ်အာဏာရှင် စနစ်လက်အောက်မှ လွတ်မြောက်ရေး၊ စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသည့် နိုင်ငံရေးရည်မှန်းချက်တို့ကို တစိုက်မတ်မတ်စွဲကိုင်ပြီး အမျိုးသားလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသော FPNCC (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ) အဖွဲ့ဝင်ဖြစ်သည်။

        လက်ရှိအချိန်တွင် MNTJP ဥက္ကဋ္ဌအဖြစ် ဦးဖုန်တာရွှင်မှ ဦးဆောင်ပြီး ၎င်းတို့ခေတ္တစွန့်ခွာခဲ့သော မူလဘူတ ကိုးကန့်နယ်မြေကို MNTJP/MNDAA လက်ထဲသို့ အလုံးစုံပြန်လည်ရရှိရေး၊ ကိုးကန့်အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ဘဝတူညီနောင်မဟာမိတ်များ နှင့် လက်တွဲ၍လည်းကောင်း၊ နွေဦးတော်လှန်ရေးထဲမှပေါက်ဖွားလာသော စစ်အာဏာရှင်စနစ်အား တိုက်ထုတ် နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ ဘုံရည်မှန်းချက်တူညီပြီး စုပေါင်းလုပ်ဆောင်၍ ရသော အဖွဲ့အစည်းများ၊ ပြည်သူ့ယုံကြည်မှု၊ ထောက်ခံမှုရရှိထားသော အဖွဲ့အစည်းများနှင့် လည်းကောင်း ဟန်ချက်ညီတိုက်ပွဲဝင်လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။

        မိမိတို့ ညီနောင်မဟာမိတ်နှစ်ဖွဲ့အနေဖြင့်လည်း စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖြစ်သည့်အလျောက် ကိုးကန့်ဒေသ MNTJP/MNDAA လက်ထဲသို့ အလုံးစုံပြန်လည် ရရှိရေးလုပ်ငန်းများအပြင် ဘုံစစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်သည့်နေရာများတွင် ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA/MNTJP) ၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ၊ ကိုးကန့်လူမျိုးများ မျှော်လင့်နေသော မျှော်မှန်းချက်များ အမြန်ဆုံးအကောင်အထည်ပေါ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင်ကျရောက်သည့် (၃၄) နှစ်မြောက် MNDAA တပ်မတော်နေ့သို့ ဤဂုဏ်ပြုသဝဏ်လွှာအား ပါးလိုက်ပါသည်။


Share on social

You may also like this