ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

blog

Date : 11-Apr-2024



ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း (၃) ရက်

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက်

 

 

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ FPNCC အဖွဲ့ဝင်များဖြစ်ကြသော UWSP/UWSA PSLF/TNLA MNTJP/MNDAA တို့အပြင် အခြား တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများအပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် မွေးဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများမှ ပေးပို့လာကြသည့် သဝဏ်လွှာများကို ကောင်းမွန်စွာလက်ခံရရှိပါသည်။

 

 

 သဝဏ်လွှာများပေးပို့လာကြသော အဖွဲ့အစည်းများအားလုံးကို မိမိတို့ ULA/AA မှ ရက္ခိုင်ပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပြီး ပေးပို့လာကြသော အဖွဲ့အစည်းအသီးသီးတိုင်း၏ ရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါသည်။

 

 

 ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်


Share on social

You may also like this