၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၇/၂၈)ရက်နေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 28-Jan-2020

#Unicode ရခိုင်ဒေသ၊ပလက်ဝဒေသများ၌ ဇန်နဝါရီလ (၂၇/၂၈) ရက်များတွင်တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီး ဇန်နဝါရီလ(၂၈) ရက်နေ့၌ဖြစ်ပွားခဲ့သောတိုက်ပွဲနှစ်နေရာစလုံး၌ ရန်သူသည်ရဟတ်ယာဉ်(၂) စီးစီဖြင့်လာရောက်တိုက်ခိုက်ရသည်အထိတိုက်ပွဲများဆက်လက်ပြင်းထန်လာခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂၇) ရက်၊ နံနက်(၁၀) နာရှိ (၄၇) မိနစ်အချိန်မှစတင်ပြီး မြေပုံမြို့နယ်၊ အင်ကြင်းရွာ မြောက်ဖက် (၅) ကီလိုမီတာခန့်အကွာအဝေးရှိတောင်တန်းပေါ်တွင် မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်လာသည့် မြန်မာ့တပ်မတော်၏ (တပ်မ(၆၆) လက်အောက်ခံ၊ ခလရ(၁၄) တပ်ရင်း နှင့် အခြားအမည်မသိတပ်ရင်းတစ်ရင်း) စသည့် အင်အား(၂၀၀) ခန့်ပါပူးပေါင်းစစ်ကြောင်းတစ်ခု နှင့် မိမိတို့လှုပ်ရှားစစ်ကြောင်းတို့သည်တိုက်ပွဲများ တစ်နေ့လုံးနီးပါးတောက်လျောက်ဖြစ်ပွားခဲ့သည်။ ထို့အတူ,ဇန်နဝါရီလ(၂၈) ရက် နေ့ရက်တွင်လည်းနံနက်(၈) နာရီမှစတင်ပြီး"အပြန်အလှန်ထိုးစစ်များ" ဖြင့် တိုက်ပွဲအရှိန်မြှင့်တက်ခဲ့သည်။ရန်သူသည် လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့် မိမိတို့အား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း မိမိတို့အာရက္ခစစ်သည်တော်များမှ သတ္တိပြောင်မြောက်စွာဖြင့်အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်။ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့သည်။ညနေ(၃) နာရီခန့်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။ ည(၈) နာရီခန့်အထိ ရန်သူသည် လက်နက်ကြီးများဖြင့် နေရာ(၃) နေရာမှပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်သည့်အလျောက်ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများရှိခဲ့သကဲ့သို့ မိမိတို့ဖက်မှလည်း နှစ်ရက်တာအတွင်းထိခိုက်ဒဏ်ရာရသူများအပြင်တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ရသူ(၅) ဦးအထိရှိခဲ့သည်။ တပ်မ(၆၆) လက်အောက်ခံ၊ခလရ(၁၄) တပ်ရင်းဖက်မှလည်း(၁၈) ဦးခန့်သေဆုံးကာ ဒဏ်ရာရသူများလည်းထပ်မံရှိခဲ့သည်။ ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းအချို့ကို ရက္ခိုင့်တပ်တော်မှသိမ်းဆည်းရမိထားသည်။ ဇန်နဝါရီ(၂၈) ၊ နေ့လည်(၂) နာရီ(၄၅) မိနစ်တွင်လည်း ပလက်ဝမြို့နယ်၊ ပိန္နဲတပင်ရွာ အနောက်ဖက်(၄.၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း၌လည်း ရန်သူသည် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ကျော်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက်ရန်သူသည် ပွိုင့်-၈၈၆ ကုန်းရှိ ၎င်းတို့တပ်ဖွဲ့ဝင်များအား လက်နက်ခဲယမ်း၊ ရိက္ခာများချထားခဲ့သည်။ ထို့ကြောင့်နောက်နေ့များတွင် တိုက်ပွဲများနေရာအနှံ့ဆက်လက်ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်။ မိမိတို့အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား (၂) လတာကြေညာထားသော်လည်း မြန်မာ့တပ်မတော်၏ရက္ခိုင့်တပ်တော်အပေါ်ဆက်လက်အရှိန်အဟုန်မြှင့်စွာထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့် ဇန်နဝါရီလအတွင်း တိုက်ပွဲများနေ့တိုင်းနီးပါးရှိနေခဲ့ပြီးတိုက်ပွဲအရှိန်မှာဆက်လက်မြင့်မားနေခဲ့သည်။ မိမိတို့မှတ်တမ်းများအရ ဇန်နဝါရီ(၂၈) ရက်အထိ တိုက်ပွဲအရေအတွက် (၇၀) နီးပါးအထိရှိခဲ့ပြီဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ရခိုင္ေဒသ၊ပလက္ဝေဒသမ်ား၌ ဇန္နဝါရီလ (၂၇/၂၈) ရက္မ်ားတြင္တိုက္ပြဲမ်ားဆက္လက္ျပင္းထန္ခဲ့ၿပီး ဇန္နဝါရီလ(၂၈) ရက္ေန႔၌ျဖစ္ပြားခဲ့ေသာတိုက္ပြဲႏွစ္ေနရာစလံုး၌ ရန္သူသည္ရဟတ္ယာဥ္(၂) စီးစီျဖင့္လာေရာက္တိုက္ခိုက္ရသည္အထိတိုက္ပြဲမ်ားဆက္လက္ျပင္းထန္လာခဲ့သည္။ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၂၇) ရက္၊ နံနက္(၁၀) နာရွိ (၄၇) မိနစ္အခ်ိန္မွစတင္ၿပီး ေျမပံုၿမိဳ႕နယ္၊ အင္ၾကင္းရြာ ေျမာက္ဖက္ (၅) ကီလိုမီတာခန္႔အကြာအေဝးရွိေတာင္တန္းေပၚတြင္ မိမိတို႔အား ထိုးစစ္ဆင္တိုက္ခိုက္လာသည့္ ျမန္မာ့တပ္မေတာ္၏ (တပ္မ(၆၆) လက္ေအာက္ခံ၊ ခလရ(၁၄) တပ္ရင္း ႏွင့္ အျခားအမည္မသိတပ္ရင္းတစ္ရင္း) စသည့္ အင္အား(၂၀၀) ခန္႔ပါပူးေပါင္းစစ္ေၾကာင္းတစ္ခု ႏွင့္ မိမိတို႔လႈပ္ရွားစစ္ေၾကာင္းတို႔သည္တိုက္ပြဲမ်ား တစ္ေန႔လံုးနီးပါးေတာက္ေလ်ာက္ျဖစ္ပြားခဲ့သည္။ ထို႔အတူ,ဇန္နဝါရီလ(၂၈) ရက္ ေန႔ရက္တြင္လည္းနံနက္(၈) နာရီမွစတင္ၿပီး"အျပန္အလွန္ထိုးစစ္မ်ား" ျဖင့္ တိုက္ပြဲအရွိန္ျမႇင့္တက္ခဲ့သည္။ရန္သူသည္ လက္နက္ႀကီးပစ္ကူအေျမာက္အျမားျဖင့္ မိမိတို႔အား စတင္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာ္လည္း မိမိတို႔အာရကၡစစ္သည္ေတာ္မ်ားမွ သတၱိေျပာင္ေျမာက္စြာျဖင့္အေကာင္းဆံုးတံု႔ျပန္တိုက္ခိုက္ႏိုင္ခဲ့သည္။ တန္ျပန္ထိုးစစ္ဆင္တိုက္ခိုက္ႏိုင္ခဲ့သည္။ညေန(၃) နာရီခန္႔တြင္ ရဟတ္ယာဥ္(၂) စီးျဖင့္ လာေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲမ်ားဆက္လက္ျပင္းထန္ခဲ့သည္။ ည(၈) နာရီခန္႔အထိ ရန္သူသည္ လက္နက္ႀကီးမ်ားျဖင့္ ေနရာ(၃) ေနရာမွပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ျပင္းထန္ေသာတိုက္ပြဲတစ္ပြဲျဖစ္သည့္အေလ်ာက္ရန္သူ႔ဖက္မွ အထိအခိုက္အက်အဆံုးမ်ားရွိခဲ့သကဲ့သို႔ မိမိတို႔ဖက္မွလည္း ႏွစ္ရက္တာအတြင္းထိခိုက္ဒဏ္ရာရသူမ်ားအျပင္တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ရသူ(၅) ဦးအထိရွိခဲ့သည္။ တပ္မ(၆၆) လက္ေအာက္ခံ၊ခလရ(၁၄) တပ္ရင္းဖက္မွလည္း(၁၈) ဦးခန္႔ေသဆံုးကာ ဒဏ္ရာရသူမ်ားလည္းထပ္မံရွိခဲ့သည္။ ရန္သူ၏ စစ္အသံုးအေဆာင္ပစၥည္းမ်ား၊ လက္နက္ခဲယမ္းအခ်ိဳ႕ကို ရကၡိဳင့္တပ္ေတာ္မွသိမ္းဆည္းရမိထားသည္။ ဇန္နဝါရီ(၂၈) ၊ ေန႔လည္(၂) နာရီ(၄၅) မိနစ္တြင္လည္း ပလက္ဝၿမိဳ႕နယ္၊ ပိႏၷဲတပင္ရြာ အေနာက္ဖက္(၄.၃) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းတြင္ျဖစ္ပြားခဲ့ေသာတိုက္ပြဲအတြင္း၌လည္း ရန္သူသည္ ရဟတ္ယာဥ္(၂) စီးျဖင့္ မိနစ္(၂၀) ေက်ာ္လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထို႔ေနာက္ရန္သူသည္ ပြိဳင့္-၈၈၆ ကုန္းရွိ ၎တို႔တပ္ဖြဲ႕ဝင္မ်ားအား လက္နက္ခဲယမ္း၊ ရိကၡာမ်ားခ်ထားခဲ့သည္။ ထို႔ေၾကာင့္ေနာက္ေန႔မ်ားတြင္ တိုက္ပြဲမ်ားေနရာအႏွံ့ဆက္လက္ျဖစ္ပြားလာႏိုင္ဖြယ္ရွိသည္။ မိမိတို႔အေနျဖင့္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား (၂) လတာေၾကညာထားေသာ္လည္း ျမန္မာ့တပ္မေတာ္၏ရကၡိဳင့္တပ္ေတာ္အေပၚဆက္လက္အရွိန္အဟုန္ျမႇင့္စြာထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားေၾကာင့္ ဇန္နဝါရီလအတြင္း တိုက္ပြဲမ်ားေန႔တိုင္းနီးပါးရွိေနခဲ့ၿပီးတိုက္ပြဲအရွိန္မွာဆက္လက္ျမင့္မားေနခဲ့သည္။ မိမိတို႔မွတ္တမ္းမ်ားအရ ဇန္နဝါရီ(၂၈) ရက္အထိ တိုက္ပြဲအေရအတြက္ (၇၀) နီးပါးအထိရွိခဲ့ၿပီျဖစ္သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .