၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 21-Feb-2020

Nyo Twan Awng

ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင်လည်း ယခင်နေ့များကတည်းက ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခဲ့သော ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး, မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသော အမြောက်စခန်း (ဗူျဟာကုန်း) ပတ်ဝန်းကျင် နှင့် ကျောက်တော်မြို့နယ်၊ ( ဝက်မကျ ရွာနှင့် တင်းမရွာအကြား) တင်းမရွာသစ်ပတ်ဝန်းကျင်၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။

ဖေဖော်ဝါရီ (၂၁) ရက်နေ့တွင်လည်းနေရာ(၅) နေရာ၌ တိုက်ပွဲများရှိခဲ့သည်။ ယနေ့တိုက်ပွဲများ (၅ နေရာအတွင်း)တွင်လည်း ယမန်နေ့နည်းတူ အနည်းဆုံးရန်သူ(၂၀) ဦးအား ထပ်မံသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဒဏ်ရာရရှိသည့်ရန်သူများလည်း ထပ်မံရှိခဲ့သည်။ ထို့ကြောင့်ဖေဖော်ဝါရီ (၂၀/၂၁) နှစ်ရက်တာရက်အတွင်း ရန်သူ(၄၀) ကျော်အား ရက္ခိုင့်တပ်တော်မှ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

ရန်သူ့ဗူျဟာကုန်းပတ်ဝန်းကျင်၌ ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ယနေ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့ဆိုလျှင် (၁၆)ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထို့အတူ တိုက်ပွဲများမှာလည်း ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ရန်သူသည် ၎င်းဗူျဟာကုန်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်း၊ လူအင်အားများကို နည်းအမိုျးမိုျးဖြင့်ဖြည့်တင်းပေးရန် ကြိုးစားနေခဲ့သည်။

ထို့ကြောင့် ရန်သူ၏စစ်ကူစစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်၊ဖြတ်တောက်ရေးစစ်ကြောင်းတို့သည် နေရာအခိုျ့၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ မိမိတို့အနေဖြင့် ၎င်းဗူျဟာကုန်း၏ တစ်ဝက်ခန့်အား သိမ်းဆည်းရမိထားပြီး အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် တန်ပြန်ထိုးစစ်များဖြင့်တိုက်ခိုက်လျက်ရှိသည်။

(၁) ဖေဖော်ဝါရီ (၂၁) ရက်နေ့၊ နေ့လယ် (၃) နာရီ(၂၆)မိနစ်တွင် ကျောက်တော်မြို့နယ်၊ ကုလားတန်အရှေ့ဖက်ကမ်း၌လည်းကောင်း၊

(၂) ကုလားတန်မြစ်အရှေ့ဖက်ကမ်းရှိ၊ တင်းမရွာသစ်အရှေ့မြောက်(၁.၆) ကီလိုမီတာအကွာအဝေး၌လည်း (ဒုတိယနေ့)ရက်ဆက်တိုက်ပွဲအဖြစ်လည်းကောင်း၊

(၃) ပလက်ဝမြို့နယ်၊ နှုန်းဘူးငယ်ရွာ (၁.၂) ကိလိုမီတာအကွာအဝေး၌လည်း နံနက် (၁၁) နာရီ (၃၀) မိနစ်မှ နေ့လယ် (၁) နာရီ (၃၀) မိနစ်အတွင်းလည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(၅) ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အနောက်ဘက် တောင်ကြော၊ "တွီဆဝန်ရွာ" နှင့်"မြောင်းရွာ"အရှေ့မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေးရှိ၊ Points-886 (ပွိုင့် ၈၈၆ တောင်ကုန်း) ၌ နံနက်(၇) နာရီခန့်မှ ညနေ (၄) နာရီခန့်အထိ တန်ပြန်ထိုးစစ်များဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ၏ထိုးစစ်အား တန်ပြန်ထိုးစစ်ဖြင့်တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ့စစ်ကြောင်းမှာခမရ(၂၁၆) ဟုယူဆရပြီး ရန်သူ့ဖက်မှသေဆုံးသူ(၅) ဦးခန့်ရှိခဲ့သည်။ ညနေ(၄) နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခဲ့သည်။

(၅) အခြားတစ်နေရာ၌လည်းကောင်းအပြန်အလှန်ပစ်ခတ်တိုက်မှုများရှိခဲ့သည်။

ရန်သူ့အလောင်းအခိုျ့ နှင့် လက်နက်ခဲယမ်းအခိုျ့အား သိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲနောက်ဆက်တွဲများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် ရဲဝံ့စွာတိုက်ပွဲဝင်ရင်းတိုင်းပြည်နှင့်လူမိုျးအတွက် အသက်၊ ခန္ဓာ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .