မိဖပြည်သူများသို့ အသိပီးထုတ်ပြန်ချက်

blog

Date : 17-Jan-2024




မိဖပြည်သူများသို့ အသိပီးထုတ်ပြန်ချက်


 

အမှတ်၊ (၁/၂၀၂၄)

၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း (၇) ရက်

၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ (၁၇) ရက်


 

  ရက္ခိုင်ပြည်၌ ၁၀၂၇ စစ်ဆင်ရီး စတင်သည့်နိမှစ၍ စစ်အဟုန်သည် တရက်ထက်တရက် မြင့်တက် လျက်ဟိသည်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်အနီဖြင့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကို ကြည်း၊ ရီ၊ လီ တပ်များဖြင့် အပြင်းအထန်ခုခံနီသော်လည်း ခုခံနိုင်စွမ်းမဟိဘဲ ရန်သူသည် နှစ်ပေါင်းများစွာ အခိုင်အမာ အခြီကုပ်တည်ဆောက်ထားသည့် တပ်စခန်းကြီးများအား လက်လွှတ်ဆုံးယှုံးရမှုများနန့်အတူ မြို့ရွာများ တခုပြီးတခု လက်လွှတ်ဆုံးယှုံးရလျက်ဟိသည်။ တချိန်တည်းတွင် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ရောက်မှုမှာလည်း တရက်ထက်တရက် ပို၍များပြားလာပြီး စစ်ကောင်စီ၏ တပ်အုပ်ချုပ်ရီး ယန္တရားလည်ပတ်မှုများ တဖြည်းဖြည်းပျက်စီး ယုတ်လျော့လာလျက်ဟိသည်။


 

  ဤကဲ့သို့ စစ်ရီး၊ နိုင်ငံရီးနန့် သံတမန်ရီးအပါအဝင် အဖက်ဖက်တွင်ယှုံးနိမ့်နီသော အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်သည် မြီပြင်ရင်ဆိုင်တိုက်ပွဲများ၌ အရေးနိမ့်တိုင်း အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ မြို့ရွာများကိုဗုံးကြဲခြင်း၊ မီးတိုက်ဖျက်ဆီးခြင်း၊ သမိုင်းဝင်အမွီအနှစ်များကို ရည်ရွယ်ချက်ဟိဟိ ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို တရက်ထက်တရက် လက်ရဲဇက်ရဲ ပေါ်ပေါ်တင်တင် လုပ်လာလျက်ဟိသည်။


 

  ထိုကြောင့် အာရက္ခပြည်သူများအနီဖြင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် ဖက်ဆစ်ဝါဒီ စစ်ကောင်စီတပ်၏ လီကြောင်းရန်၊ ရီကြောင်းရန်နန့် လက်နက်ကြီးရန်များမှ မိမိကိုယ်ကို ကာကွယ်နိုင်သော နည်းလမ်းများဖြင့် အထူးသတိထားပြီး လုံခြုံစွာနီထိုင်ကတ်ရန် အသိပီးတိုက်တွန်းအပ်ပါသည်။ အဆောက်အအုံ တစ်ခုတည်းအတွင်း လူအစုလိုက်အပြုံလိုက် သတိပေါ့လျော့စွာနီထိုင်ခြင်း၊ လူစုလူဝေးလုပ်ခြင်းများကို အတတ်နိုင်ဆုံး ယှောင်ယှားပြီး ဖြန့်ကြင်းနီထိုင်ကတ်ရန်လည်း တိုက်တွန်းအပ်ပါသည်။


 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .