၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂/၃/၄) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 04-Feb-2020

Nyo Twan Awng

#Unicode ဖေဖော်ဝါရီ(၂/၃) ရက်များတွင် မြန်မာ့တပ်မတော်သည် မိမိတို့ရှိရာနေရာများ နှင့် ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့် အရပ်သားအချို့ထိခိုက်ဒဏ်ရာရခြင်းများတွင် ကျောင်းဆရာမတစ်ဦးအပါအဝင်ဖြစ်သည်။ ဖေဖော်ဝါရီလ(၄) ရက်နေ့၊နေ့လည်(၁၂) နာရီခန့်မှစတင်ပြီးမြန်မာ့တပ်မတော်သည် (၁) ခမရ(၅၃၇) တပ်ရင်း (၂) ရေစိုးချောင်းဗျူဟာ (၃) ဇက်သဘောၤတစ်စီး စသည်ဖြင့်နေရာ(၃) နေရာမှ လက်နက်ကြီးများဖြင့် စုံပြုံပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် Speed boat အမြန်စက်တပ်စက်လှေ(၁) စီး ပေါ်မှလည်း စက်သေနတ်များဖြင့် ချောင်းကမ်းဝဲယာနှစ်ဖက်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့အပြင် နေ့လည်(၂) နာရီ (၂၃) မိနစ်မှ စတင်ပြီး ရဟတ်ယာဉ်(၂) စီးဖြင့်မိနစ်(၃၀) ခန့်တစ်ကြိမ်၊ မိနစ်(၁၅) မိနစ်ခန့်တစ်ကြိမ် စုစုပေါင်း (၄၅) မိနစ်ခန့် ရော့ကတ်များ၊ စက်သေနတ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တနည်းအားဖြင့်ဆိုရသော် ယနေ့သည် ရခိုင်ဒေသအတွင်း မြို့နယ်(၃) မြို့နယ်အတွင်း Internet အင်တာနက်လိုင်းများပြန်လည်ဖြတ်တောက်ပြီးနောက် မြန်မာ့တပ်မတော်အနေဖြင့် မိမိတို့အား ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး(ထိုးစစ်)အား အရှိန်အဟုန်မြှင့်စွာလုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့်မိမိတို့စစ်သည်အချို့ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။ နေ့လည်(၁) နာရီ(၄၅) မိနစ်တွင် ရန်သူ၏ ဒရုန်း Drone တစ်စင်းအား ရက္ခိုင့်တပ်တော်မှ ပစ်ချနိုင်ခဲ့သည်။ မြန်မာ့တပ်မတော်၏လက်နက်ကြီးများ၊ ရဟတ်ယာဉ်(၂) စီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ် (က)မညင်းတောင်ကျေးရွာ(ခ)ကျောက်ရံသာစည်ကျေးရွာ (ဂ)အမျှတောင်ကျေးရွာ (ဃ) ကုန်တန်းကျေးရွာ၏ အနောက်ဖက်တောစပ်နှင့် အုန်းတော(ဓနိတော)များ အတွင်းကျရောက်ပေါက်ကွဲခဲ့သည်။ ယနေ့ပစ်ခတ်တိုက်ခိုက်ခဲ့သည် နေရာ(၃) နေရာမှ လက်နက်ကြီးအကြိမ်အရေအတွက်(၈၀) ခန့်ရှိခဲ့သည်။ယခင်နေ့များကဲ့သို့ အရပ်သားများထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးသူများရှိ/မရှိ မသိရသေးပါ။ ပလက်ဝမြို့နယ်အတွင်း၌လည်းတိုက်ပွဲငယ်များဆက်လက်ရှိနေခဲ့သည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်သူလူထုများအားသတ်ဖြတ်နေသော၊ ရခိုင်ကျေးရွာများအတွင်းသို့လက်နက်ကြီး/လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေသော မြန်မာ့တပ်မတော်၏မည်သည့်တပ်ရင်းကိုမဆိုလက်တုံ့ပြန်သွားမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ေဖေဖာ္ဝါရီ(၂/၃) ရက္မ်ားတြင္ ျမန္မာ့တပ္မေတာ္သည္ မိမိတို႔ရွိရာေနရာမ်ား ႏွင့္ ရေသ့ေတာင္၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားအတြင္းသို႔လက္နက္ႀကီး၊ လက္နက္ငယ္ မ်ားျဖင့္ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ထို႔ေၾကာင့္ အရပ္သားအခ်ိဳ႕ထိခိုက္ဒဏ္ရာရျခင္းမ်ားတြင္ ေက်ာင္းဆရာမတစ္ဦးအပါအဝင္ျဖစ္သည္။ ေဖေဖာ္ဝါရီလ(၄) ရက္ေန႔၊ေန႔လည္(၁၂) နာရီခန္႔မွစတင္ၿပီးျမန္မာ့တပ္မေတာ္သည္ (၁) ခမရ(၅၃၇) တပ္ရင္း (၂) ေရစိုးေခ်ာင္းဗ်ဴဟာ (၃) ဇက္သေဘာၤတစ္စီး စသည္ျဖင့္ေနရာ(၃) ေနရာမွ လက္နက္ႀကီးမ်ားျဖင့္ စံုျပံဳပစ္ခတ္တိုက္ခိုက္ခဲ့သည့္အျပင္ Speed boat အျမန္စက္တပ္စက္ေလွ(၁) စီး ေပၚမွလည္း စက္ေသနတ္မ်ားျဖင့္ ေခ်ာင္းကမ္းဝဲယာႏွစ္ဖက္ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ထို႔အျပင္ ေန႔လည္(၂) နာရီ (၂၃) မိနစ္မွ စတင္ၿပီး ရဟတ္ယာဥ္(၂) စီးျဖင့္မိနစ္(၃၀) ခန္႔တစ္ႀကိမ္၊ မိနစ္(၁၅) မိနစ္ခန္႔တစ္ႀကိမ္ စုစုေပါင္း (၄၅) မိနစ္ခန္႔ ေရာ့ကတ္မ်ား၊ စက္ေသနတ္မ်ားျဖင့္လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ တနည္းအားျဖင့္ဆိုရေသာ္ ယေန႔သည္ ရခိုင္ေဒသအတြင္း ၿမိဳ႕နယ္(၃) ၿမိဳ႕နယ္အတြင္း Internet အင္တာနက္လိုင္းမ်ားျပန္လည္ျဖတ္ေတာက္ၿပီးေနာက္ ျမန္မာ့တပ္မေတာ္အေနျဖင့္ မိမိတို႔အား ၾကည္း၊ေရ၊ေလ ပူးေပါင္းစစ္ဆင္ေရး(ထိုးစစ္)အား အရွိန္အဟုန္ျမႇင့္စြာလုပ္ေဆာင္ျခင္းျဖစ္သည္။ ထို႔ေၾကာင့္မိမိတို႔စစ္သည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရမႈမ်ားရွိခဲ့သည္။ ေန႔လည္(၁) နာရီ(၄၅) မိနစ္တြင္ ရန္သူ၏ ဒ႐ုန္း Drone တစ္စင္းအား ရကၡိဳင့္တပ္ေတာ္မွ ပစ္ခ်ႏိုင္ခဲ့သည္။ ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးမ်ား၊ ရဟတ္ယာဥ္(၂) စီးျဖင့္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္ (က)မညင္းေတာင္ေက်းရြာ(ခ)ေက်ာက္ရံသာစည္ေက်းရြာ (ဂ)အမၽွေတာင္ေက်းရြာ (ဃ) ကုန္တန္းေက်းရြာ၏ အေနာက္ဖက္ေတာစပ္ႏွင့္ အုန္းေတာ(ဓနိေတာ)မ်ား အတြင္းက်ေရာက္ေပါက္ကြဲခဲ့သည္။ ယေန႔ပစ္ခတ္တိုက္ခိုက္ခဲ့သည္ ေနရာ(၃) ေနရာမွ လက္နက္ႀကီးအႀကိမ္အေရအတြက္(၈၀) ခန္႔ရွိခဲ့သည္။ယခင္ေန႔မ်ားကဲ့သို႔ အရပ္သားမ်ားထိခိုက္ဒဏ္ရာရျခင္း၊ ေသဆံုးသူမ်ားရွိ/မရွိ မသိရေသးပါ။ ပလက္ဝၿမိဳ႕နယ္အတြင္း၌လည္းတိုက္ပြဲငယ္မ်ားဆက္လက္ရွိေနခဲ့သည္။ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ ရခိုင္ျပည္သူလူထုမ်ားအားသတ္ျဖတ္ေနေသာ၊ ရခိုင္ေက်းရြာမ်ားအတြင္းသို႔လက္နက္ႀကီး/လက္နက္ငယ္မ်ားျဖင့္ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနေသာ ျမန္မာ့တပ္မေတာ္၏မည္သည့္တပ္ရင္းကိုမဆိုလက္တံု႔ျပန္သြားမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this