၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၆) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 16-Feb-2020

Nyo Twan Awng

ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် ယခင်နေ့များကတည်းက ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခဲ့သောပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း)  ပတ်ဝန်းကျင် နှင့် ကျောက်တော်မြို့နယ်၊ ( ဝက်မကျ ရွာနှင့် တင်းမရွာအကြား) ပတ်ဝန်းကျင်များ၌တိုက်ပွဲများမှာဆက်လက်ဖြစ်ပွားနေခဲ့သည်။

ရန်သူ့ဗျူဟာကုန်းပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ(၁၁) ရက်မြောက်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထို့အတူ အခြားနေရာသစ်(၄) နေရာ၌လည်းရင်ဆိုင်တိုက်ပွဲ၊ ရုတ်ချည်းတိုက်ပွဲများရှိခဲ့ပြီးယနေ့ဖြစ် ပွားခဲ့သောတိုက်ပွဲများအတွင်းရန်သူစုစုပေါင်း မျက်မြင် (၆)ဦးအားရက္ခိုင့်တပ်တော်မှသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူ့ဖက်မှသေဆုံးသူများမှာထို့ထက် ပိုသောအရေအတွက်ရှိခဲ့သည်။ ဒဏ်ရာရရှိသူများလည်းထပ်မံရှိခဲ့သည်။

burmese terrorist




ကျောက်တော်မြို့နယ်၊ ဝက်မကျရွာအနီး၊ကုလားတန်မြစ်အရှေ့ဖက်ကမ်းရှိတောင်တန်းပေါ်၌လည်း နံနက်(၆) နာရီခန့်မှစတင်၍ ရုတ်ချည်းထိတွေ့မှုဖြစ်ပွားခဲ့သည်။ ရန်သူသည် မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်သူ့ဖက်မှအနည်းဆုံးရန်သူ(၃) ဦးသေဆုံးကာ ဒဏ်ရာရရှိသူအချို့ထပ်မံရှိခဲ့သည်။ ရန်သူသည်အထိနာ ၍နောက်ဆုတ်သွားခဲ့ပြီး နှစ်ဖက်စောင့်ကြည့်အနေအထားဖြင့် အပြန်အလှန်ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှု အနည်းငယ်သာရှိခဲ့သည်။(တိုက်ပွဲနောက်ဆက်တွဲများရှိပါက ဆက်လက်တင်ပေးသွားပါမည်)

ပလက်ဝမြို့နယ်၊ ဆင်ခေါင်းဒုံရွာ အရှေ့တောင်ဖက်(၂) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် ၆၇၄ ( Point-764) ကုန်းတွင်လည်းနံနက်(၈) နာရီ(၂၀) မိနစ်မှစတင်၍မြန်မာ့တပ်မတော်၏ ခမရ(၂၂၀) ဟုယူဆရသောစစ်ကြောင်း နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိနစ်(၃၀) ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူသည် နောက်ဆုတ်သွား၍ တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိခဲ့ပေ။ သို့သော်လည်း ရန်သူသည် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

ထို့အပြင် ပလက်ဝမြို့နယ်၏ အခြားတစ်နေရာဖြစ်သော သူဌေးကုန်းရွာ၊ အရှေ့ဖက်(၁.၄) ကီလိုမီတာအကွာအဝေး၌လည်း နံနက်(၈) နာရီ(၅၀) မိနစ်မှစခတင်ပြီးရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲ၌လည်း မိမိတို့ဖက်မှ ထိရောက်စွာချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ့ဖက်မှအထိနာသောပွဲတစ်ပွဲလည်းဖြစ်ခဲ့သည်။

အမ်းမြို့နယ်၊  ကဇူးကိုင်းရွာ ၊ အနောက်မြောက်ဖက်(၄.၅)ကီလိုမီတာအကွာအဝေးရှိတောင်တန်း၌နေ့လည်(၁) နာရီ(၁၀) မိနစ်တွင်နှစ်ဖက်ရုတ်ချည်းထိတွေ့မှုဖြစ်ပွားခဲ့သည်။ ရန်သူသည်ကဇူကိုင်းမှနေ၍တိုက်ပွဲဖြစ်ပွားရာနေရာများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများသို့လက်နက်ကြီးပစ်ကူများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ရန်သူ(၃) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .