၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၇) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 07-Feb-2020

Nyo Twan Awng

#Unicode ဖေဖော်ဝါရီလ(၇) ရက်နေ့တွင်လည်း ယခင်နေ့ရက်များကတိုက်ပွဲဖြစ်ပွားခဲ့သောနေရာများ ၌တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။ အထူးသဖြင့် ဆက်သွယ်ရေးအင်တာနက်လိုင်းဖြတ်တောက်လိုက်သည့်မြို့နယ်များအတွင်း၌တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ (၁) ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်းတစ်ခုအနီးတွင် ကြိုကြားကြိုကြားအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်ရှိနေခဲ့သည်။ ရန်သူ့ဖက်မှ သေဆုံးသူ၊ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ပြီး မိမိတို့ဖက်မှလည်း ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။ (၂)ကျောက်တော်မြို့နယ်၊ကုလားတန်အရှေ့ဖက်ကမ်း၊ “ဝက်မကျရွာ”အနီးရှိတောင်ကုန်း ( ယမန့်နေ့၊ နေ့လည်(၂) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သော ခပေါ်ရွာအနီးပတ်ဝန်းကျင်) ၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ထီးစွဲရွာအနီးရှိ၊ မယူမြစ်ထဲတွင်သွားလာနေသော မြန်မာ့တပ်မတော်၏ စစ်သဘောၤပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အရပ်သားအချို့ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။ ဆက်သွယ်ရေး Internet အင်တာနက်လိုင်းများကို မြို့နယ်(၅) မြို့နယ်အတွင်းဒုတိယအကြိမ်ဖြတ်တောက်လိုက်ပြီးသည့်နောက် မြန်မာ့တပ်မတော်၏ ရက္ခိုင့်တပ်တော်အပေါ်ထိုးစစ်ဆင်တိုက်ခိုက်မှုများမှာလည်း ဆက်လက်ပြင်းထန်လာခဲ့သည်။ ထို့အပြင် လူအင်အား၊ လက်နက်အင်အားများကိုထပ်မံဖြည့်တင်းနေသောကြောင့်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လာဖွယ်ရှိသည်။ အရှိန်အဟုန်မြှင့်မြှင့်ဖြင့်ပြုလုပ်လာနေသောမြန်မာ့တပ်မတော်၏ထိုးစစ်များကိုရက္ခိုင့်တပ်တော်အနေဖြင့်ရခိုင်လူထုများနှင့် လက်တွဲ၍အကောင်းဆုံးခုခံတိုက်ပွဲဝင်သွားမည်။ ထို့အပြင်လိုအပ်လျှင် လိုအပ်သလို ခုခံကာကွယ်စစ်များမှ တန်ပြန်ထိုးစစ်များဖြင့်တုံ့ပြန်တိုက်ခိုက်သွားမည်။ ရခိုင်ပြည်သူလူထုများကိုသတ်ဖြတ်နေသော တပ်ဖွဲ့၊တပ်ရင်းများကို လက်စားချေတုံ့တိုက်ခိုက်သွားမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ေဖေဖာ္ဝါရီလ(၇) ရက္ေန႔တြင္လည္း ယခင္ေန႔ရက္မ်ားကတိုက္ပြဲျဖစ္ပြားခဲ့ေသာေနရာမ်ား ၌တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနခဲ့သည္။ အထူးသျဖင့္ ဆက္သြယ္ေရးအင္တာနက္လိုင္းျဖတ္ေတာက္လိုက္သည့္ၿမိဳ႕နယ္မ်ားအတြင္း၌တိုက္ပြဲမ်ားဆက္လက္ရွိေနခဲ့သည္။ (၁) ပလက္ဝၿမိဳ႕နယ္၊ မီးေခ်ာင္းတံတားအနီး ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးပစ္ကူေပးေနေသာအေျမာက္စခန္းတစ္ခုအနီးတြင္ ႀကိဳၾကားႀကိဳၾကားအျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားဆက္လက္ရွိေနခဲ့သည္။ ရန္သူ႔ဖက္မွ ေသဆံုးသူ၊ထိခိုက္ဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့ၿပီး မိမိတို႔ဖက္မွလည္း ထိခိုက္ဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့သည္။ (၂)ေက်ာက္ေတာ္ၿမိဳ႕နယ္၊ကုလားတန္အေရွ႕ဖက္ကမ္း၊ “ဝက္မက်ရြာ”အနီးရွိေတာင္ကုန္း ( ယမန္႔ေန႔၊ ေန႔လည္(၂) နာရီခန္႔တြင္ တိုက္ပြဲျဖစ္ပြားခဲ့ေသာ ခေပၚရြာအနီးပတ္ဝန္းက်င္) ၌တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားခဲ့သည္။ ရေသ့ေတာင္ၿမိဳ႕နယ္၊ ထီးစြဲရြာအနီးရွိ၊ မယူျမစ္ထဲတြင္သြားလာေနေသာ ျမန္မာ့တပ္မေတာ္၏ စစ္သေဘာၤေပၚမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနမႈမ်ားေၾကာင့္ အရပ္သားအခ်ိဳ႕ထိခိုက္ဒဏ္ရာရရွိမႈမ်ားရွိခဲ့သည္။ ဆက္သြယ္ေရး Internet အင္တာနက္လိုင္းမ်ားကို ၿမိဳ႕နယ္(၅) ၿမိဳ႕နယ္အတြင္းဒုတိယအႀကိမ္ျဖတ္ေတာက္လိုက္ၿပီးသည့္ေနာက္ ျမန္မာ့တပ္မေတာ္၏ ရကၡိဳင့္တပ္ေတာ္အေပၚထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားမွာလည္း ဆက္လက္ျပင္းထန္လာခဲ့သည္။ ထို႔အျပင္ လူအင္အား၊ လက္နက္အင္အားမ်ားကိုထပ္မံျဖည့္တင္းေနေသာေၾကာင့္တိုက္ပြဲမ်ားမွာ ဆက္လက္ျပင္းထန္လာဖြယ္ရွိသည္။ အရွိန္အဟုန္ျမႇင့္ျမႇင့္ျဖင့္ျပဳလုပ္လာေနေသာျမန္မာ့တပ္မေတာ္၏ထိုးစစ္မ်ားကိုရကၡိဳင့္တပ္ေတာ္အေနျဖင့္ရခိုင္လူထုမ်ားႏွင့္ လက္တြဲ၍အေကာင္းဆံုးခုခံတိုက္ပြဲဝင္သြားမည္။ ထို႔အျပင္လိုအပ္လွ်င္ လိုအပ္သလို ခုခံကာကြယ္စစ္မ်ားမွ တန္ျပန္ထိုးစစ္မ်ားျဖင့္တံု႔ျပန္တိုက္ခိုက္သြားမည္။ ရခိုင္ျပည္သူလူထုမ်ားကိုသတ္ျဖတ္ေနေသာ တပ္ဖြဲ႕၊တပ္ရင္းမ်ားကို လက္စားေခ်တံု႔တိုက္ခိုက္သြားမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this