ရက္ခိုင်ဒေသ တိုက်ပွဲသတင်းများ

blog

Date : 17-Feb-2024



ရက္ခိုင်ဒေသ တိုက်ပွဲသတင်းများ


 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်


 

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ မောင်တောဒေသရှိ ဗောဓိကုန်း စခန်းအား ယမန်နေ့၊ ဖေဖော်ဝါရီလ (၁၅) ရက်၊ နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထိုးစစ်ဆင်တိုက်ခိုက်ချိန် ၂၄ နာရီကျော် အကြာ ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၆) နာရီခန့်အချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား ရန်သူ၏ လေကြောင်း၊ လက်နက်ကြီးအမြောက်အမြား ပစ်ခတ်တိုက်ခိုက်မှုများကြားမှ မိမိတို့ အပြီးသတ် သိမ်းပိုက်ရယူ နိုင်ခဲ့ခြင်းဖြစ်သည်။ ရန်သူ့အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့သည်။ အချိန်တိုတိုအတွင်း အထိအခိုက်အနည်းဆုံး နှင့် စခန်းသိမ်းနိုင်ခဲ့သော တိုက်ပွဲဖြစ်သည်။


 

ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၁၁) နာရီ (၁၅) မိနစ်အချိန်တွင်လည်း မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော် တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ (၁၂) ဦးသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။ ဤမိမိတို့၏ထိုးစစ်တိုက်ပွဲအတွင်း၌လည်း ရန်သူ့လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်း ဆည်းရမိခဲ့သည်။


 

ထို့အပြင် ဖေဖော်ဝါရီလ (၁၆) ရက်၊ နေ့လယ် (၁၂) နာရီ (၁၅) မိနစ်တွင်လည်း ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း စစ်ကောင်စီ တပ်၏ ခမရ (၅၃၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကနဦး သတင်းအရ ရန်သူ့ဘက်မှ မျက်မြင် သေဆုံး (၄) ဦး နှင့် ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိခဲ့သည်။


 

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ နောက်ဆုတ်သွားကာ  နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုမျိုးဖြင့်သာ ဆက်လက်ရှိနေခဲ့ သည်။ ဤတိုက်ပွဲအတွင်းသို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်းစလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီး ပစ်ကူ များဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်။


 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this