၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၇) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 17-Feb-2020

Nyo Twan Awng

ဖေဖော်ဝါရီလ(၁၇) ရက်နေ့တွင် ယခင်နေ့များကတည်းက ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခဲ့သောပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း)  ပတ်ဝန်းကျင် နှင့် ကျောက်တော်မြို့နယ်၊ ( ဝက်မကျ ရွာနှင့် တင်းမရွာအကြား) ပတ်ဝန်းကျင်များ၌တိုက်ပွဲများမှာဆက်လက်ဖြစ်ပွားနေခဲ့သည်။

ရန်သူ့ဗျူဟာကုန်းပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာယနေ့ဆိုလျှင်(၁၂) ရက်မြောက် နေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရန်သူသည် ၎င်းဗျူဟာကုန်းသို့ ရိက္ခာ၊လက်နက်ခဲယမ်း၊ လူအင်အားများကိုဖြည့်တင်းပေးရန် ပလက်ဝ၊ ကျောက်တော် နှင့်အခြားနှစ်နေရာအပါအဝင်နေရာ(၄) နေရာမှ ကြိုးစားလျက်ရှိသည်။ ရန်သူ၏စစ်ကူစစ်ကြောင်းများအား ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးဖြတ်တောက်တိုက်ခိုက်ထားနိုင်ဆဲပင်ဖြစ်သည်။

ဖေဖော်ဝါရီလ(၁၇) ရက်နေ့၌ နေရာသစ်(၂) နေရာ၌လည်းတိုက်ပွဲများရှိခဲ့ပြီး ယနေ့တိုက်ပွဲတွင်လည်း ရန်သူအချို့(အနည်းဆုံး-၅-ဦး) အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ အသေးစိတ်အခြေအနေများနှင့်တိုက်ပွဲနောက်ဆက်တွဲများကိုသိရှိရပါက ထပ်မံတင်ပေးသွားပါမည်။

(၁) ရသေ့တောင်မြို့နယ်၊ ပြင်ချောင်းရွာတောင်ဖက်(၅၀၀) မီတာအကွာအဝေး၌နံနက်(၈) နာရီ(၂၄) မိနစ်တွင်လည်းကောင်း၊

(၂) ပလက်ဝမြို့နယ်၊ နှမ်းချောင်းရွာအရှေ့ဖက် (၃.၁) ကီလိုမီတာအကွာအဝေးနေ့လယ်(၃)နာရီခန့်တွင် လည်းကောင်းတိုက်ပွဲများရှိခဲ့သည်။ ညနေ(၄) နာရီ(၁၀) မိနစ်တွင် ရန်သူသည် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၃၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .