၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၆) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 06-Feb-2020

Nyo Twan Awng

#Unicode ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃) ရက်နေ့မှစတင်၍ပလက်ဝ၊ ရသေ့တောင်၊ ဘူးသီးတောင်၊မြေပုံ၊မင်းပြားမြို့နယ်များ၌ ဆက်သွယ်ရေး Internet အင်တာနက်လိုင်းများကို NLD အစိုးရမှဒုတိယအကြိမ်ဖြတ်တောက်လိုက်သည်။ ထို့နောက် မြန်မာ့တပ်မတော်၏ ရက္ခိုင့်တပ်တော်အပေါ်ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရခိုင်နှင့် ပလက်ဝမြို့နယ်များအတွင်း၌အရှိန်အဟုန်မြှင့်ကာပြုလုပ်လာနေသောကြောင့် တိုက်ပွဲများပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ ဖေဖော်ဝါရီလ(၆) ရက်အတွင်း၌- (၁)အမ်းမြို့နယ်၊ “ကဇူးကိုင်းရွာ”၊အရှေ့ဖက် (၄.၆)ကီလိုမီတာအကွာအဝေး၌လည်းကောင်း၊ (၂)ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်းတစ်ခုအနီးတွင်လည်းကောင်း၊ (၃)ကျောက်တော်မြို့နယ်၊ကုလားတန်အရှေ့ဖက်ကမ်း၊ “ဝက်မကျရွာ”အနီးရှိတောင်ကုန်း ( ယမန့်နေ့၊ နေ့လည်(၂) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သော ခပေါ်ရွာအနီးပတ်ဝန်းကျင်) ၌လည်းကောင်းတိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ထီးစွဲရွာအနီးရှိ၊ မယူမြစ်ထဲတွင်သွားလာနေသော မြန်မာ့တပ်မတော်၏ စစ်သဘောၤပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အရပ်သားအချို့ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။ အသေးစိပ်အချက်အလက်များကိုလောလောဆယ်မသိရသေးပါ။ သိရှိရပါက အချိန်နှင့်တပြေးညီဆက်လက်တင်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ(၃) ရက္ေန႔မွစတင္၍ပလက္ဝ၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ေျမပံု၊မင္းျပားၿမိဳ႕နယ္မ်ား၌ ဆက္သြယ္ေရး Internet အင္တာနက္လိုင္းမ်ားကို NLD အစိုးရမွဒုတိယအႀကိမ္ျဖတ္ေတာက္လိုက္သည္။ ထို႔ေနာက္ ျမန္မာ့တပ္မေတာ္၏ ရကၡိဳင့္တပ္ေတာ္အေပၚထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကို ရခိုင္ႏွင့္ ပလက္ဝၿမိဳ႕နယ္မ်ားအတြင္း၌အရွိန္အဟုန္ျမႇင့္ကာျပဳလုပ္လာေနေသာေၾကာင့္ တိုက္ပြဲမ်ားျပင္းထန္စြာ ျပန္လည္ျဖစ္ပြားလာခဲ့သည္။ ေဖေဖာ္ဝါရီလ(၆) ရက္အတြင္း၌- (၁)အမ္းၿမိဳ႕နယ္၊ “ကဇူးကိုင္းရြာ”၊အေရွ႕ဖက္ (၄.၆)ကီလိုမီတာအကြာအေဝး၌လည္းေကာင္း၊ (၂)ပလက္ဝၿမိဳ႕နယ္၊ မီးေခ်ာင္းတံတားအနီး ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးပစ္ကူေပးေနေသာအေျမာက္စခန္းတစ္ခုအနီးတြင္လည္းေကာင္း၊ (၃)ေက်ာက္ေတာ္ၿမိဳ႕နယ္၊ကုလားတန္အေရွ႕ဖက္ကမ္း၊ “ဝက္မက်ရြာ”အနီးရွိေတာင္ကုန္း ( ယမန္႔ေန႔၊ ေန႔လည္(၂) နာရီခန္႔တြင္ တိုက္ပြဲျဖစ္ပြားခဲ့ေသာ ခေပၚရြာအနီးပတ္ဝန္းက်င္) ၌လည္းေကာင္းတိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။ ရေသ့ေတာင္ၿမိဳ႕နယ္၊ ထီးစြဲရြာအနီးရွိ၊ မယူျမစ္ထဲတြင္သြားလာေနေသာ ျမန္မာ့တပ္မေတာ္၏ စစ္သေဘာၤေပၚမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနမႈမ်ားေၾကာင့္ အရပ္သားအခ်ိဳ႕ထိခိုက္ဒဏ္ရာရရွိမႈမ်ားရွိခဲ့သည္။ အေသးစိပ္အခ်က္အလက္မ်ားကိုေလာေလာဆယ္မသိရေသးပါ။ သိရွိရပါက အခ်ိန္ႏွင့္တေျပးညီဆက္လက္တင္ေပးသြားပါမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this